Software ဆိုင်ရာ အကြောင်းအရာများ

Software ဆိုင်ရာ အကြောင်းအရာများ

ဆက်တင်တွေမပျောက်စေမယ့် Deep Freeze ဆော့ ဖ်ဝဲ
ကိုယ့် ရဲ့ ကွန်ပျူတာမှာရှိတဲ့ ကိုယ်ပိုင် ဆက်တင်တွေကို တစ်စုံတစ်ယောက် က စရင်းနောက်ရင်း ပြင်သွားတဲ့ အခါမျိုး ၊ တခြားဆော့ဖ်ဝဲတွေကို install လုပ်သွားတဲ့ အခါမျိုးတွေမှာ ကိုယ့်ရဲ့ စက်ကို ထားခဲတဲ့ အခြေအနေတိုင်း ပြန်ပြီးရှိစေချင်တယ်ဆိုရင်တော့ Deep Freeze ဆိုတဲ့ ဆော့ဖ်ဝဲလေးက ကူညီပေးနိုင်ပါမယ်...
Deep Freeze ဆိုတာ ကွန်ပျူတာထဲမှာ တခြားသူတွေ ဘယ်လိုဘဲ ၀င်ရောက်ပြင်ဆင်လိုက်ပေမယ့် restart ချလိုက်လို့ စက်ပြန်တက်လာတဲ့အခါမူလရှိတဲ့ ၀င်းဒိုးရဲ့ အခြေအနေတိုင်း ကိုယ့်ရဲ့ စက်တင်တွေကို မပျောက်မပျက်ရှိနေအောင် ကာကွယ်ပေးနိုင်တဲ့ ဆော့ဖ်ဝဲတမျိုးပါ Deep Freeze မှာ Frozen နဲ့ Thawed ဆိုပြီး အဆင့် နှစ်ဆင့် ရှိပါတယ်။ Frozen ကိုရွေးထားရင် စက်ကို restart ပြန်လုပ်လိုက်တဲ့အခါ ပြင်ဆင်ထားခဲ့ သမျှတွေအားလုံး Deep Freeze ကဖျက်လိုက်ပြီး မူလအခြေအနေကိုပြန်ရောက် သွားစေပါတယ်Thawed ကိုရွေးထားမယ်ဆိုရင်တော့ ကိုယ့်စိတ်ကြိုက် ဆက်တင်တွေကို ပြင်ဆင်နိုင် install လုပ်နိုင်ပါတယ်...
ဒါပေမယ့် စက်ထဲမှာရှိတဲ့ ဆော့ဖ်ဝဲ တွေကို update လုပ်မယ်ဆိုရင်တော့ Thawed အနေ ကို ရွေးထားဖို့ လိုပါတယ်။ DF6Std.exe ဖိုင်ကို ကလစ် နှစ်ချက်လောက် ခေါက်လိုက်ရင် installation dialog ပေါ်လာပါလိမ့်မယ်...
ကိုယ်ကြိုက်တဲ့ Drive ကို Freeze လုပ်နိုင်ပေမယ့် Drive အားလုံးကို လုပ်ထားရင်ပိုကောင်းပါတယ်....
Deep Freeze ကို install လုပ်နေစဉ်တွင် antivirus ဆော့ဖ်ဝဲ နဲ့ အခြား program တွေကို ပိတ်ထားဖို့ လိုပါတယ် ထုံးစံအတိုင်း ပေါ်လာတဲ့ အဆင့် တိုင်း install လုပ်ပါ..စက်ပြန်တက်လာတဲ့ အခါမှာ Deep Freeze program ထဲ ၀င်နိုင်ဖို့ password တောင်းတဲ့ screen တစ်ခုပေါ်လာပါမယ် ဒါပေမယ့် အဲဒီ screen ဟာ 10 seconds ပေါ်ပြီးပြန်ပျောက်သွားမှာပါ..10 seconds အတွင်း password ရိုက်မထည့်ခဲရင်လည်း နောက်ပြန်ပြီး password ထည့်လို့ရပါတယ်...
Deep Freeze program ကို ကိုယ့် ရဲ့ စက်ကနေ ပြန်ပြီး ဖြုတ်မယ်ဆိုရင်တော့ Thawed ကိုပြန်ရွေးထားရပါမယ်..
Deep Freeze program ကို လိုအပ်သလို ပြောင်းလဲနိုင် ဖို့ နည်းလမ်းနှစ်မျိုးရှိပါသည်..SHIFT ကီးကို ဖိထားပြီး Deep Freeze icon လေးကို ကလစ် နှစ်ချက်ခေါ်က်လိုက်ပါ...
ဒါမှမဟုတ် ကီးဘုတ်က CTRL+SHIFT+ATL နဲ့ F6 ကို တွဲနှိပ်လိုက်ရင် password တောင်းတဲ့ dialog box ပေါ်လာမယ်..ကိုယ့်ရဲ့ password ကိုရိုက်ထဲ့ ပါ..
Password သတ်မှတ်မထားခဲ့ရင် ဘာမှမရိုက်ဘဲ ok ကို နှိပ်လိုက်ပါ..Boot Control, Password, Clone ဆိုတဲ့ tabs သုံးခုနဲ့ Deep Freeze dialog box ပေါ်လာမယ်...
Boot Control tab ကတော့ Deep Freeze ကို အသုံးပြု ဖို့ ဖြစ်ပြီး password tab ကတော့ Deep Freeze program ထဲ ကို သူများတွေ မ၀င်နိုင် မပြောင်းနိုင်ဖို့ အတွက်ပါ....Clone tab ကတော့ registry setting file ကို ကော်ပီပွားနိုင်ဖို့ အတွက်ပါ...
Deep Freeze program အလုပ်လုပ်နေတယ်ဆိုရင် start menu bar ရဲ့ နာရီဘေးမှာ Frozen icon လေးပေါ်နေမှာပါ..program ကို အလုပ်မလုပ်အောင် ရပ်ထားတယ်..Thawed ကိုရွေးထားတယ်ဆိုရင်တော့ Frozen icon ပေါ်မှာ အနီရောင် ကြက်ခြေခတ် တစ်ခုပေါ်နေမယ်...
4MB နီးပါးသာ ရှိပါတယ်..Deep Freeze ဆော့ဖ်ဝဲ ကို အင်တာနက်ဆိုင်တွေ ၊ ကွန်ပျူတာသင်တန်းတွေ အပြင် IT စိတ်ဝင်စားတဲ့ သူတွေတော့ သိပြီး ၊ ရင်းနှီးပြီးသားဖြစ်မှာပါ အခု ကျွန်တော် ပြန်တင်ပေးလိုက်တာ ကလဲ မသိသေးသူများအတွက်ပါဗျာ..ဘာဘဲဖြစ်ဖြစ် ကိုယ်ရဲ့ စက်တင်တွေကို စိတ်ချနိုင်ဖို့ အတွက်ဆိုရင် Deep Freeze ဆော့ဖ်ဝဲ က တစ်ဖက်တစ်လှမ်းကနေ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်....

DownLoad Link ကတော.
http://www.mediafire.com/?trxmyjvddfl
(or)
http://ifile.it/biduket


Pdf ဖိုင်တွေကိုနားထောင်နိုင်!!!!!

ကျွန်တော်ဘလော့ဂ်တစ်ခုကနေ ဖတ်ခဲ့ရတာပါ ..ဗဟုသုတတစ်ခုပေါ့ .. ဘယ်သူ့ဆီကနေ ဖတ်ဖူးခဲ့တာလဲ မသိတော့လို့ ဒီတိုင်းပဲ ပြောပြလိုက်တော့မယ်ဗျာ။ ကျွန်တော်သိရှိရတာ ကတော့..PDF File တွေမှာရေးထားတာတွေကို ဘာမှ အင်စတောလ် လုပ်စရာမလိုပဲ PDF ဖိုင်မှာရေးထားတာတွေကို ဖတ်ခိုင်းလို့ ရတယ် ဆိုတာကိုပေါ့ .အင်္ဂလိပ်လို ရေးထားတာတွေ ကိုတော့ ဖတ်ပေးတယ်။ စာဖတ်ပျင်းတဲ့ မိတ်ဆွေတွေအတွက် တော်တော်အသုံးဝင်တဲ့ Feature တစ်ခုပေါ့ဗျာ။ မြန်မာလို ရေးထားတာတွေကိုတော့ သူက မဖတ်နိုင်ဘူးဗျ ..ဟီးဟီး ..ကျွန်တော်ကတော့ဖတ်ခိုင်းလို့ရရင် ၀တ္ထုတွေဘာတွေ ဖတ်ခိုင်းမယ်ဗျာ။ :P
သူ့ကိုဖတ်ခိုင်းဖို့ Short Cut ကွန်မန်းပေးရမှာကတော့ ...

* Ctrl+Shift+B - to hear the entire document
* Ctrl+Shift+V - to hear the page
* Ctrl+Shift+C - to resume
* Ctrl+Shift+E - to stop ..အဲဒါလေးတွေတင်ပါပဲ ..
မိတ်ဆွေတို့အနေနဲ့ Adobe Acrobat Reader 6.0 or 7 .0 နှစ်သက်ရာမှာ စမ်းကြည့်လို့ရပါတယ်။ နောက်ထပ်ထွက်တဲ့ Adobe Acrobat Reader တွေမှာတော့ မသိပါဘူးခင်ဗျာ ..

အော် ..နောက်တစ်ခုရှိသေးတယ်ဗျ။ အသံက မြန်လို့ ဖြစ်စေ၊နှေးလို့ဖြစ်စေ ..ပြုပြင်ပေးလို့ ရနိုင်ပါသေးတယ်ခင်ဗျ။ ဟောဒီကနေသွားလိုက်ပါခင်ဗျ ..
Settings > Control Panel > Speech. ..စမ်းသပ်ကြည့်ကြပါဦးလို့ လမ်းညွှန်လိုက်ပါတယ်ခင်ဗျာ ..အော် .နောက်နောင် မြန်မာလိုစာဖတ်ပေးနိုင်တာမျိုး ပေါ်လာတယ်ဆိုရင်လဲ လက်တို့ပြီးပြောကြပါဦးလို့ ..

G talk ကို run box ကနေ အလွယ်ခေါ်ကြရအောင်
G talk
ဂျီတော့ ကို program ကနေမဖွင့်ပဲ ခပ်ဖိန့်ဖိန့်လေး Run box ကနေ
ဖွင့်ချင်တယ်ဆိုရင်...G talk shortcut ကို desktop ပေါ်ရောက်အောင်အရင်ပို့။။
ပြီးရင် rename လုပ်ပါ။ gt လို့ နာမည်ပေးလိုက်။ပြီးရင် အဲဒီ shortcut ကို cut လုပ်။
ပြီးရင် C:\window\system32 ထဲကို paste လုပ်လိုက်ပါ။
ဒါဆိုရင် run box ကနေ gt လို့ ရိုက်ထည့်ကြည့်ပါက Gtalk တက်လာပါလိမ့်မယ်။။
နာမည်က ကြိုက်တာပေးလို့ရပါတယ်။။

ဒါကတော ကျွန်တော် Myanmar Family ကနေ ဖတ်ထားတာလေးပါ ..
ကျွန်တော့် သူငယ်ချင်းတွေ ဘလော့ ထဲကို လာရောက်လည်ပတ်ရင်း
အသစ်အဆန်းလေးတွေကို သိရှိနိုင်အောင်ပါ..
ကျေးဇူးတင်ပါတယ်

Network ချိတ်နည်း
ကွန်ပျူတာကိုတွေကို ....8 port switch နဲ့ ချိတ်တဲ့နည်းပြောပြပါမယ်..( peer to peer ပါ )
ပထမဆုံး ..RJ 45 ခေါင်းနဲ့ male ခေါင်းတွပါတဲ့ နက်ဝပ် cable တွေ နဲ့ switch မှာ ချိတ်ဆက်ထားဘို့ လိုပါတယ်...ပထမဆုံး စက်မှာ ..IP ထည့်ပါမယ်.. ခုပြောပြတဲ့အတိုင်း ထည့်ကြည့်ပါ...my network place > properties> TCP/IP ကို select လုပ် properties ကိုနှိပ်ပါ ..use following IP ဆိုတာမှာ IP address မှာ 15.11.80.1 ပြီးရင် tab ခုန်လိုက်ပါ ..subnetmark ကိုသူ့အတိုင်းရှိပါစေ..default gateway မှာလဲ...15.11.80.1 လို့ရိုက်ထည့်ပါ...အားလုံးကို ok လုပ်ပြီးထွက်..General Tab ကို ပြန်ရောက်ရင်..show icon in notification ဆိုတာကို အမှန်ချစ် လုပ်ပေးခဲ့ပါ..( tray မှာ ကွန်ပျူတာပုံလေးပေါ်လာအောင်ပေါ့) ဒါဆို ပထမ ဆာဗာအထိုင်စက် ပြီးပါပြီ...
တခြားစက်တွေ ချိတ်ပါမယ်..
.my network place > properties> TCP/IP ကို select လုပ် properties ကိုနှိပ်ပါ ..use following IP ဆိုတာမှာ IP address မှာ 15.11.80.2 ပြီးရင် tab ခုန်လိုက်ပါ ..subnetmark ကိုသူ့အတိုင်းရှိပါစေ..default gateway မှာလဲ...15.11.80.1 လို့ရိုက်ထည့်ပါ...အားလုံးကို ok လုပ်ပြီးထွက်ပါ ...
ဒီလိုဘဲ တစ်လုံးပြီး တစ်လုံး IP address မှာ 2 . 3 . 4စသဖြင့် ဆီးရီး ပေးသွားပါ..
အားလုံးပြီးသွားပြီ ဆိုရင်တော့ ...စက်အားလုံး ရဲ့ mycomputer > properties > computer name မှာ အမည်တွေပေးပါ...အောက်မှာရှိတဲ့ workgroup ဆိုတာမှာ ..စက်အားလုံးကို Group name တစ်ခုထဲ တူညီစွာပေးထားပါ...
စက်အားလုံးကိုရီစတပ်ချလိုက်ပါ ...ဒါဆိုရင် .. စက်အားလုံးချိတ်လို့ပြီးနေပါပြီ...
တစ်လုံးက တစ်လုံးကို ခေါ်ချင်ရင် .. run box မှာ ..\\ 15.11.80.2\ .enter ခေါက်လိုက်ရင် .. IP no 2 စက်ကို ခေါ်လို့ ရပါပြီ...နဲနဲလေးစောင့်ပြီးမကြာခင်မှာတက်လာမှာပါ ...

File Share နည်း

computer-A မှ Folder တစ်ခုကို share မည်ဆိုပါဆို

(၁) ၄င်းဖိုဒါကို right click နိုပ် Sharing and security ကို click (properties box ကျလာမည်)
(၂) Share this folder ကို ရွေးပါ
Permission ကို click
ကျလာသည် box ၏ အပေါ်တွင် everyone ရှိရမည် အောက်တွင် Change နှင့် read နှစ်စလုံးတွင် အမှန်ခြစ်ပေးပြီး ok ..... ok ဖြင့်ထွက်ခြင်းဖြင့် folder တစ်ခု share ခြင်းပြီးဆုံးပါပြီ

computer-B သည် Computer A မှ Share ထားသော folder ကို အလိုရှိပါက computer B ၏ run box တွင် \\computer A ၏ IP အမှတ်ရိုက်ထည်ြ့ပီး enter ခေါက်ပါက share ထားသော folder များအား ရရှိမည်ဖြစ်ပါသည်။

Printer Share နည်း

Computer A သည် printer တစ်လုံးအား တိုက်ရိုက်ချိတ်ဆက်ထားမည် ဆိုပါက
(၁) ၎င်း computer A တွင် ချိတ်ဆက်ထားသော printer များ share ထား/မထား အရင်စစ်ပါ။ (စစ်နည်းမှာ - Start > Settings > Pinters and Faxes ကို click ပြီးရင် မိမိ ချိတ်ဆက်ထားသော Printer icon တွင် လက်ပုံလေးရှိ/မရှိစစ်ပါ )Share ထားလျှင် computer A အနေဖြင့် ဘာမှ ဆောင်ရွက်စရာမလိုပါ။

လက်ဝါးပေါ်တွင် Printer icon လေးရှိရင် အမှတ်စဉ်(၂)အား ဆောင်ရွက်ရန်မလိုပါ။

(၂) - Control panel မှ Network wizard setup ကို click
- welcome wizard ကျလာမည် Next ဖြင့်ဆက်သွားပါ။
- ထပ်မံ၍ Next ဖြင့်ဆက်သွားပါ။
- အလယ်တစ်ခုကို ရွေး၍ Next ဖြင့်သွားပါ။(သင့် Network အား မူတည်၍ ရွေးရပါသည် အများစုမှာ အလယ် Network ကိုအသုံးများပါသည်)
- သင့်၏ computer name ဖြည့်ပါ Next ဖြင့်သွားပါ။
- သင့်၏ Network Group ဖြည့်ပါ Next ဖြင့်သွားပါ။
- Turn on file and printer sharing ကို ရွေး၍ Next ဖြင့်သွားပါ။
- Network Setting ဆောင်ရွက်မှုများ ပြီးစီးရန်အတွက် Next ဖြင့်ဆက်သွားပါ။
- setup ဆောင်ရွက်ခြင်းအား ခဏစောင့်ပါ
- အောက်ဆုံးက Just finish ..... ကို ရွေး၍ Next ဖြင့်ဆက်သွားပါ။
ဒါဆိုရင် Network Setup လုပ်ခြင်းပြီဆုံးသွားပါပြီ
ထိုသို့ ဆောင်ရွက်ခြင်းသည် Computer A မှ Printer Share ပေးခြင်း ပြီးဆုံးပါသည်။


(၃) computer B သည် computer A နှင့်ချိတ်ထားသော printer မှ print ထုတ်လိုလျှင်

(က) Computer B ၏ run box တွင် \\computer A ၏ IP အမှတ် ရိုက်ထည်ြ့ပီး enter ခေါက်ပါ။
(ခ) Compter A မှ Share ထားသမျှ folder များကျလာမည် ၎င်းတို့ အတွင်းမှ printers and faxes ကို နှစ်ချက် click မိမိ print ထုတ်လိုသည့် printer တွင် right click ပြီးရင် connect တွင်ထပ်မံ click ပါက message box တစ်ခုကျလာမည့် yes ကို click ပါ။
ဒါဆိုရင် computer B ၏ start > settings > Pinters and Faxes အတွင်းတွင် computer A မှ printer အား အလိုလျှောက် ဆက်သွယ်ပြီးသာ ဖြစ်နေပါပြီ